တောင်ငူမြို့တွင် အခြေခံလူတန်းစားများသို့ ဆန်နှင့်စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တောင်ငူခရိုင် ဆန်ကုန်သည်နှင့်ဆန်စက်ပိုင်ရှင်များက ဆန်များကိုလည်းကောင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များက စားသုံးဆီများကိုလည်းကောင်း သက်သာသောနှုန်းထားဖြင့် နေ့စဉ် ကိုယ်တိုင် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ အရောင်းဈေးနှင့် ရပ်ကွက်များသို့ mobile မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ရောင်းချပေးလျက်ရှိပါသည်။

              ဇွန်လ ၂၀ ရက်နေ့တွင် တောင်ငူမြို့ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများ တိုက်ရိုက် အရောင်းဈေး၌ ဆန်အိတ် (၁၀)အိတ်နှင့် တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ကန်တော်၌ ဆန် (၁၀) အိတ်နှင့် ဆီ(၁၄၀)ပိဿာကိုလည်းကောင်း အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်နှင့် ဆီ(၅၀) ကျပ်သား ကို ရောင်းချပေးပါသည်။

          ဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ ဆီတစ်ပိဿာလျှင် ၅၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး လျှက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်၍လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)