တောင်ငူမြို့ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သက်မွေးပညာသင်ကျောင်းများသို့ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

Powered by Drupal

              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တောင်ငူခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသည် ဇွန်လ ၁၄ ရက်နေ့တွင် တောင်ငူမြို့ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သက်မွေးပညာကျောင်း ၆ ကျောင်းသို့  စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် သက်ဆိုင်ရာကျောင်းများသို့ အရောက် သွားရောက်ရောင်းချပေးပါသည်။

              တောင်ငူတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၊ ပညာရေးဒီဂရီကောလိပ်(တောင်ငူ)၊ စက်မှုလက်မှုသိပ္ပံ(တောင်ငူ)နှင့် နည်းပညာအထက်တန်း ကျောင်း (တောင်ငူ) များရှိ ဝန်ထမ်းမိသားစုများအား  စားအုန်းဆီပိဿာ ၉၈၀ ကို လူတစ်ဦးလျှင် တစ်ပိဿာနှုန်း၊ တစ်ပိဿာလျှင် ၅၈၀၀ နှုန်းဖြင့် ရောင်းချပေးပါသည်။       

              တက္ကသိုလ်၊ ကောလိပ်နှင့် သက်မွေးပညာသင်ကျောင်းများသို့ စားသုံးဆီများကို အပတ်စဉ် ရောင်းချပေးလျက်ရှိကြောင်းနှင့် စားသုံးဆီများရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့် ဝန်ထမ်းများက ကြီးကြပ်ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးကြောင်း သိရပါသည်။

DOCA(ပဲခူး)