![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/bo8.jpg?itok=GbbBWe0U)
စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည် ရွှေတောင်မြို့နယ်ရှိ မြို့မစည်ပင်သာယာဈေးသို့ (၁၆.၆.၂၀၂၄)ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် အခြား မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စားသုံးဆီများအားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဈေးများ တွင် ကုန်အမှတ်တံဆိပ်အမျိုးမျိုးဖြင့်ရောင်းချနေသော စားသုံးဆီဘူးအမျိုးမျိုးအား ကုန်အညွှန်း အမှတ်အသားပြည်စုံမှန်ကန်မှုရှိ/မရှိ တို့ကိုစစ်ဆေးခြင်း၊ မြန်မာဘာသာဖြင့် ဖော်ပြထားမှသာ ရောင်းချရန်၊ စားသုံးသူအခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)