စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မဈေးကုန်စုံဆိုင်များနှင့် မြို့သစ်ဈေးရှိကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုး ကိုလည်းကောင်း၊ ရွှေတောင်မြို့တွင် မြို့မဈေးရှိကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကို လည်းကောင်း၊ ပန်းတောင်းမြို့ နတ်မောက်ကျေးရွာရှိကုန်စုံဆိုင်များ၊ မြို့ပေါ်ကုန်စုံဆိုင်များ၊ ဆင်တဲရွာကုန်စုံဆိုင်များ၊ ပန်းတောင်းမြို့မဈေးကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကို လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် အမှတ်(၁/၂)ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ ကလေးအသုံး အဆောင် အမျိုးမျိုးကိုလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)