အုတ်ဖိုမြို့နယ်တွင် ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ အကျိုး စီးပွား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါသည်။

        ထို့သို့ဆောင်ရွက်ရာတွင် အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာန စည်ပင်သာယာရေးဌာနတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် (၁၅.၆.၂၀၂၄)ရက်နေ့ နံနက် (၉:၀၀)နာရီတွင် အုတ်ဖိုမြို့မဈေးကြီးအတွင်း စားသုံးဆီရောင်းချ နေသော ဆီဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအခြေအနေများ၊ စားအုန်းဆီရောင်းချမှုဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာ အတိုင်းရောင်းချမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ ရောနှောဆီများ ရောင်းချခြင်း မပြုရန် မှာကြားခဲ့ပါသည်။ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှု ရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)