လက်ပံတန်းမြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် တာဝန်ခံ ဦးချစ်ကိုကိုသည် သာယာဝတီခရိုင်ရုံးရှိ ဝန်ထမ်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ကျန်းမာရေး ဌာနတို့ ပူးပေါင်းအဖွဲ့နှင့်အတူ (၁၉.၆.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လက်ပံတန်း မြို့နယ်အတွင်း စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးပြီး၊ ဈေးနှုန်းမြှင့်တင်  ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ အရောအနှောမရှိစေရေး၊ အချိန်အတွယ်မှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)