“ဆန်ဆိုင်များနှင့်ဆေးဆိုင်များအားစျေးကွက်စောင့်ကြည့်စစ်ဆေး”

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိဆန်အပါအဝင်အခြေခံစားပစ္စည်းကုန်များ ပြတ်လပ်မှုမရှိစေရေး၊စျေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့်စျေးနှုန်းများတည်ငြိမ်စေရေးအတွက်လည်းကောင်း၊စျေးကွက်အတွင်းဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိ နှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းထက်စျေးနှုန်းမြင့်တင်ရောင်းချမှုရှိ/မရှိကို သိရှိနိုင်ရေးအတွက် ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်အထွေထေွ အုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့စသည့် စပ်ဆက်ဌာနများနှင့်ပူးပေါင်း၍ (၁၄-၆-၂၀၂၄)ရက်နေ့ ၊ နံနက်(၉:၃၀)အချိန်တွင် ကျောက်ဆည် မြို့နယ်နှင့်မြစ်သားမြို့နယ်များတွင်လည်းကောင်း ၊ (၁၇-၆-၂၀၂၄)ရက်နေ့တွင် ပြင်ဦးလွင်မြို့ နှင့် စဉ့်ကိုင်မြို့နယ်များတွင်လည်းကောင်း ၊ ဆန်ဆိုင်များ နှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်အမျိုးအစားအလိုက် ယခင်အပတ်၊ယခုအပတ် စျေးနှုန်း နှိုင်းယှဉ်ပြီး ကွာခြားချက်ရာခိုင်နှုန်းများရှိ/မရှိ နှင့် ဆေးဆိုင်များတွင် ဆေးအမျိုးအစားအလိုက် ဝယ်စျေး၊ ရောင်းစျေး၊ အမြတ်ရာခိုင်နှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိအား ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(မန္တလေး)