မှော်ဘီမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ရောနှောဆီများအားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့် ဒုကြီးကြပ်ရေးမှူးပါ (၂)ဦး၊ ကျန်းမာရေးဌာန(၂)ဦး၊ စည်ပင်သာယာဌာနမှ ဈေးတာဝန်ခံ(၁)ဦး ပူးပေါင်းအဖွဲ့ဖြင့် ၁၇.၆.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မဈေးကုန်စုံ ဆိုင်များ၌ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဆောင်ရွက်ခဲ့ရာတွင်  ရောနှောဆီများဖြစ်သော  ရွှေရောင်ရင်း၊ ရွှေတောင်၊ လာဒ်ရွှင် နှင့် စားသုံးဆီအမျိုးမျိုးဖြစ်သော ရန်ကုန်၊ အမွေထွား၊ တော်ဝင်၊ Cook၊ Meizan၊ Louts၊ ရွှေအုံ၊ Sunar နှင့် Goody ဆီအမျိုးအစားအားလုံးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်း အမှတ်အသားတွင်ပါဝင်ရမည့်အချက်အလက်များ ပြည့်စုံစွာပါရှိသည်ကို တွေ့ရှိရကြောင်းနှင့် ဆိုင်ရှင်များအား ကုန်အမှတ်တံဆိပ် မပြည့်စုံသော ကုန်ပစ္စည်းများကို မရောင်းချရန် သတိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)