စားအုန်းဆီစနစ်တကျ ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းရှင်များတွေ့ဆုံ

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်အတွင်း စားအုန်းဆီစနစ်တကျ ဖြန့်ဖြူးရောင်းချနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၁၉.၆.၂၀၂၄ ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် မရမ်းကုန်းခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။      

        အစည်းအဝေးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်သက်ခိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဖြိုးအောင်ဟိန်း၊ အတွင်းရေးမှူး ကိုယ်စား ဒုရဲမှူး ထွန်းထွန်းစိုး၊ အုပ်ချုပ်ရေးမှူး၊ ခရိုင်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ ခရိုင်ဥပဒေအရာရှိ၊ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ဒု- ခရိုင်ဦးစီးမှူး၊ အနောက်ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဌများ၊ မြို့နယ်အလိုက် စားအုန်းဆီကုမ္ပဏီများမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၂၃) ဦးတက်ရောက်ခဲ့ကြပြီး အစည်းအ​ဝေး၌ စားအုန်းဆီ စနစ်တကျ ရောင်းချနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြပါသည်။ အစည်းအဝေးအား နေ့လယ် ၁၆:၀၀ အချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)