စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် တာဝန်ခံ သည် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကျောင်းများဖွင့်လှစ်နေပြီ ဖြစ်သည့်အတွက် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး ဗဟုသုတရရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းသော အစားအသောက်များ စားသောက်နိုင်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
(၂၀.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ မင်းဘူးမြို့ ကျောက်တန်း အလယ်တန်းကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား(၁၂၅)ဦး၊ ဆရာ၊ ဆရာမ(၂)ဦး အားလည်းကောင်း၊ (၂၁.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် သီရိမင်္ဂလာ မူလတန်းကျောင်း တွင် ကျောင်းသား၊ ကျောင်းသူ(၁၀၂)ဦး၊ ဆရာ၊ ဆရာမ(၄)ဦးနှင့် နေ့လယ်(၁၁:၃၀)နာရီတွင် မြောက်ရပ် မူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ(၁၁၂)ဦး၊ ဆရာ၊ ဆရာမ (၄)ဦးတို့အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးမှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ အားကစား နှင့်ကာယပညာဦးစီးမှူးမှ အားကစားသိပ္ပံအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကုန်စည် အမျိုးအစားအလိုက်သိသာထင်ရှားစွာ ဖော်ပြရမည့် သတ်မှတ်ချက်(၈)ချက်နှင့်ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူနှင့်လုပ်ငန်းရှင်ကြား ပြဿနာတစ်စုံတရာ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သော နေရာများ စသည့်အချက်များအား အသိပညာပေးဟော ပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)