စပိန်နိုင်ငံအတွင်း၌ ၎င်း၏ဝန်ဆောင်မှုများအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းရန်ကြိုးပမ်းနေသောကြောင့် ဉာဏ်ရည်တု(AI) နှင့် Cloud Computing တွင် လာမည့် ၁၀ နှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည်ဟု ဇွန်လ ၂၀ ရက်နေ့ (ကြာသပတေးနေ့) ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။
သုံးစွဲသူများသည် ၎င်းတို့၏ဒေတာစင်တာများမှ အလုပ်တာဝန်များကို Oracle Cloud Infrastructure သို့ ရွှေ့ပြောင်းနိုင်စေမည့် Cloud ဒေသအသစ်ကိုထူထောင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဖြစ်သည်။ European Outsourcing Guideline ကဲ့သို့သော စည်းမျည်းများကို ကိုင်တွယ်ဖြေရှင်းရန် ကူညီပေးမည်ဖြစ်သည်။
၎င်းသည် Madrid ရှိ Oracle ၏ တတိယမြောက် Cloud ဒေသဖြစ်ပြီး ကုမ္ပဏီသည် စီမံကိန်းအတွက် Telefonica Espana နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ ပထမဆုံး Cloud ဒေသကို ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။
အရွယ်အစားပေါင်းစုံပါဝင်သော စပိန်အဖွဲ့အစည်းများနှင့် စက်မှုလုပ်ငန်းများအား ကူညီပေးရန် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြီး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန် Cloud နည်းပညာများကို အရှိန်မြှင့်တင် လုပ်ဆောင်နေကြောင်း Oracle Spain မှ Albert Triola က ပြောကြားခဲ့ပါသည်။
ထိုရင်းနှီးမြှုပ်နှံမှုသည် စပိန်စီးပွားရေးလုပ်ငန်းများနှင့် အစိုးရကဏ္ဍအဖွဲ့အစည်းများအား AI ဖြင့် ဆန်းသစ်တီထွင်ပြီး ဒီဂျစ်တယ်အသွင်ပြောင်းရေး လမ်းကြောင်းပေါ်တွင် ဆက်လက်ချီတက်နိုင်ရန် အကူအညီပေးလိမ့်မည်ဟု စပိန်ဒီဂျစ်တယ်အသွင်ပြောင်းရေးနှင့် ပြည်သူ့အုပ်ချုပ် ရေးဆိုင်ရာ ဝန်ကြီး Jose Luis Escrivea က ပြောကြားခဲ့ပါသည်။
Oracle သည် ၎င်း၏ AI စွမ်းအင်သုံး Cloud ဝန်ဆောင်မှုများအတွက် ခိုင်မာသောဝယ်လိုအားညွှန်ပြပြီး သုတေသီများ၏ခန့်မှန်းချက်များထက် ဂဏန်းနှစ်ဆဖြင့်တိုးလာမည့် ဘဏ္ဍာရေးနှစ် ၂၀၂၅ ခုနှစ်အတွက် ဝင်ငွေကို ပြီးခဲ့သည့်အပတ်က ခန့်မှန်းထားကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)