ဗီယက်နမ်နှင့် ကမ္ဘာဒီးယား နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ဘီလီယံရောက်ရှိရန် မျှော်မှန်းလျက်ရှိ

Powered by Drupal

      ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံဆက်ဆံရေးတွင် ကုန်သွယ်ရေးကဏ္ဍသည် တောက်ပစွာတည်ရှိလျက်ရှိပြီး လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုအတွင်း အထင်ကြီးစရာကြီးထွားမှုရှိခဲ့ကာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ဘီလီယံရောက်ရှိရန် မျှော်မှန်းလျက်ရှိနေကြောင်းသိနေရပါသည်။

       ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်စက်မှုနယ်ပယ်အတွင်း များစွာသောကုန်ကြမ်းပစ္စည်းများ (အထူးသဖြင့် ‌ရော်ဘာ) ပံ့ပိုးပေးရာ အရင်းအမြစ်တစ်ခုဖြစ်ပြီး ဗီယက်နမ်ထုတ်ကုန်များဖြစ်သည့် သံ၊ စတီးလ်၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ပြုပြင်ထားသောအစားအစာများနှင့် စားသုံးကုန်ပစ္စည်းများကို အဓိကဝယ်ယူသည့် နိုင်ငံလဲဖြစ်ကြောင်းသိရပါသည်။

      ဗီယက်နမ်နိုင်ငံ၏ စက်မှုဝန်ကြီးဌာနနှင့် အာရှ-အာဖရိက ဈေးကွက်ကုန်သွယ်ရေးဌာန၏ အချက်အလက်များအရ နှစ်နိုင်ငံကုန်သွယ်ရေးသည် ၂၀၁၀ခုနှစ်မှ ၂၀၁၅ခုနှစ်အတွင်း နှစ်စဉ်ပျမ်းမျှ ၁၈.၅%နှင့် ၂၀၁၆ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်း ၁၇%ကြီးထွားလာပြီး ၂၀၁၆ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂.၉၂ဘီလီယံရှိခဲ့ရာမှ ၂၀၂၀ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၃၁ဘီလီယံထိရောက်ရှိခဲ့ကြောင်းသိရပါသည်။

        ၂၀၂၂ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀.၅၇ဘီလီယံဖြင့် ၁၁%ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၀၂၄ခုနှစ်၏ ပထမ ၅လတွင် အမေရိကန်ဒေါ်လာ ၄.၆ဘီလီယံဖြင့် ၁၃.၄%မြင့်တက်ခဲ့ကြောင်း သိရပါသည်။

         ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမနှစ်ဝက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့တင်ပို့ခ၏ ခန့်မှန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၅ဘီလီယံတင်ပို့ခဲ့ပြီး အဓိကအားဖြင့် သံ၊ စတီးလ်၊ အဝတ်အထည်၊ ရေနံနှင့် ဆီတို့တင်ပို့ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

         ဗီယက်နမ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံထံမှ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၉ဘီလီယံပမာဏတင်သွင်းခဲ့ပြီး သီဟိုရ်စေ့၊ ရော်ဘာ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို အဓိကတင်သွင်းကြောင်းသိရပါသည်။

          ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Nguyen Huy Tang က နှစ်နိုင်ငံသည် ၂၀၂၄ခုနှစ်အလွန်တွင် လက်ရှိတည်ရှိပြီး သဘောတူညီချက်များ၊ နားလည်မှုသဝဏ်လွှာများ၊ နယ်စပ်ကုန်သွယ်ရေးနှင့် ၂၀၂၃-၂၀၂၄ နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေးမြှင့်တင်ရန် သဘောတူညီချက်များအား နားလည်သဘောပေါက်ရန် ဆက်လက်ညှိနှိုင်းသင့်ကြောင်းပြောကြားခဲ့ပါသည်။

         ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် ကမ္ဘောဒီးယားနိုင်ငံမှ စားသုံးသူများကိုဆွဲဆောင်ရန် အရည်အသွေးမြင့်မားပြီး ယှဉ်ပြိုင်နိုင်သောဈေးနှုန်းရှိသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုအာရုံစိုက်ရန် တိုက်တွန်းခြင်းခံထားရပါသည်။

         ကမ္ဘောဒီးယားနိုင်ငံတွင် ကျယ်ပြန့်ပြီး တည်ငြိမ်သော ဖြန့်ချိရေးကွန်ရက်တည်ဆောက်ခြင်းသည် ရှေ့ဆက်အောင်မြင်မှုများရရှိရန် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းသိရှိရပါသည်။

Source: Vietnamplus

DOCA(ရန်ကုန်)