Foxconn သည် ဗီယက်နမ် Circut Board စက်ရုံတွင် အမေရိကန်ဒေါ်လာ (၃၈၃)သန်းရင်းနှီးမြှုပ်နှံမည့်ဟု နိုင်ငံပိုင်မီဒီယာကဖော်ပြ

Powered by Drupal

      Foxconn  Singapore သည် ဗီယက်နမ်တွင် ပုံနှိပ် circuit board များထုတ်လုပ်ရန်အတွက် စက်ရုံတစ်ခုတွင် အမေရိကန်ဒေါ်လာ (၃၈၃)သန်းရင်းနှီးမြှုပ်နှံရန် လိုင်စင်ရရှိထား ကြောင်း နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့တွင်ထုတ်ပြန်ခဲ့သည်။

       Foxconn  သည် (၂၀၀၀)ခုနှစ်များတွင် အရှေ့တောင်အာရှနိုင်ငံများသို့ စတင်ဝင်ရောက်ကတည်းကပင် ဗီယက်နမ်တွင် အမေရိကန်ဒေါ်လာ(၃.၂)ဘီလီယံကျော်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့သည်။  ၎င်း၏ကုန်ထုတ်စက်ရုံအများစုသည် ဗီယက်နမ်မြောက်ပိုင်း ပြည်နယ်များဖြစ်သော  Bac Ninh နှင့် Bac Giang တို့တွင်တည်ရှိသည်။

         Bac Ninh စက်ရုံသည် (၁)နှစ်လျှင် ထုတ်ကုန်(၂.၇၉)သန်းထုတ်လုပ်လျက်ရှိသည့်ဟု Cong Thung သတင်းစာကဖော်ပြသည်။

       ယခုလအစောပိုင်းက ဗီယက်နမ်နိုင်ငံပိုင် မီဒီယာ၏ ဖြေကြားချက်အရ Foxconn သည် Bac Giang တွင် Nokia အတွက် 5G Airscale ကိရိယာများကို ထုတ်လုပ်မည်ဖြစ်ကြောင်းသိရသည်။

        ကမ္ဘာ့အကြီးဆုံး အီလက်ထရောနစ်ပစ္စည်းများထုတ်လုပ်တပ်ဆင်သော Foxconn သည် Reuter အစီရင်ခံစာအတွက် မှတ်ချက်ပေးရန်တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိပေ။

Source: Reuters

DOCA(ရန်ကုန်)