ဆန်ကုန်သည်များအား တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးသည် ၂၃-၆-၂၀၂၄ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စည်ပင်သာယာ၊ မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဌာနတို့မှ စုစုပေါင်း (၂၄)ဦးတက်ရောက်ခဲ့ရာ တိုက်ကြီးမြို့နယ်အတွင်း ဆန်ရောင်းချနေသော ဆန်ဆိုင်၊ ဆန်ကုန်သည်ကြီးများမှ ဒေသထွက်ဆန် ဧည့်မထ ၂၅%ရောင်းချမှု၊ တခြားပွဲရုံကုန်စည်ဒိုင်များမှ ဝယ်ယူရောင်းချနေသောဆန်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်နှင့် ဆန်များပြတ်လပ်မှုမရှိစေရန် ရောင်းချသွားရမည်ကို အသေးစိတ်ရှင်းလင်းမှုများဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)