ဆိပ်ဖြူမြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းသည် မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် ပူးပေါင်း၍ (၂၃.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူ မြို့ အလယ်ပိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ပြည်သူ(၃၃)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆိုင်ရာ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

        မြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက အသိပညာပေးဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း နှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ ကုန် အညွှန်းအမှတ်အသားဖော်ပြချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုခြင်းကြောင့် နစ်နာ ဆုံးရှုံးများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူရေးရာကိစ္စများ စုံစမ်း မေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အား ဖွင့်လှစ်ထားကြောင်း၊ စားသုံးသူ ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း  အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကြက်ခြေနီအဖွဲ့ဝင် ဒေါ်ဝင်းဝင်မော်က ကြက်ခြေနီ အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်           မိုင်းအန္တရာယ် ကာကွယ်ရန်အတွက် ကိုင်တွယ်ပုံ နည်းလမ်း အဆင့်ဆင့်ကို ပြည်သူများသိရှိရန် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရ သည်။

            ဆက်လက်ပြီး မြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းသည် အသိပညာပေးဟောပြော ပွဲအား တက်ရောက်ခဲ့သည့် ပြည်သူ(၃၃)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)