ဒေးဒရဲမြို့တညင်ကုန်းကျေးရွာရှိ နုရတနာဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်  တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ် ၊ ဇွန်လ(၂၄)ရက်နေ့ ၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင်   ဒေးဒရဲမြို့ တညင်ကုန်းကျေးရွာရှိ နုရတနာဆန်စက်သို့ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် အောင်ရတနာဆန်စက်မှ ကြိတ်ခွဲထုတ်လုပ်သော ဆန်များ အရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်များမှန်ကန်ရေး၊ ဆန်စပါးဈေးကွက်ဈေးနှုန်းအခြေအနေ များတည်ငြိမ်မှု ရှိ/မရှိ၊ ထုတ်ပိုးမှုစနစ်များလုံခြုံမှု ရှိ/မရှိ စိစစ်ခြင်းနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက်နည်းစနစ်များ၊ ခေတ်မီစက်ကိရိယာများတပ်ဆင်နိုင်ရေး၊ ထုတ်ကုန်များပိုမို ထုတ်လုပ်နိုင်မှသာ ဈေးကွက်စီးပွားရေးစနစ် ကျယ်ပြန့်လာနိုင်သလို မှီခိုအားထားနေရသော  အလုပ်သမားမိသားစုများအတွက်လည်း စားဝတ်နေရေး ပြေလည်နိုင်ကြောင်း၊ ကြိတ်ခွဲရာမှထွက်ရှိ သော စွန့်ပစ်ပစ္စည်းများလည်း စနစ်တကျ စွန့်ပစ်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်းသတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)