ဘားအံမြို့ရှိ အ.ထ.က(ခွဲ) အုန်းတပင်အခြေခံပညာအထက်တန်းကျောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင် နှင့် ဝန်ထမ်းများသည် ၂၅-၆-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က(ခွဲ) အုန်းတပင်အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆရာ၊ ဆရာမ (၂၃) ဦး နှင့် ကျောင်းသား၊ ကျောင်းသူ (၄၂၀) ဦး၊ စုစုပေါင်း (၄၄၃) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါဟောပြောပွဲတွင် ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က  စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးအကြောင်း  သိကောင်းစရာများနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာသိရှိနိုင်ရန် နမူနာ မုန့်မျိုးစုံဖြင့် လက်တွေ့ ရှင်းလင်း ပြောကြားခဲ့ကြသည်။

   ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ဆရာ၊ ဆရာမတို့သည် ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးအတွက်   ကျောင်းမုန့်ဈေးတန်းစစ်ဆေး ခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)