မုံရွာမြို့၊ ကန်သာဦးရပ်ကွက်ရှိ “ရွှေကမ္ဘာ” ပဲကြော် အလုပ်ရုံသို့ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမ ဒု-ခရိုင်ဦးစီးမှူးနှင့်  ချောင်းဦးမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟော ပြောပွဲ အခမ်းအနားကို ဇွန်လ ၂၄ ရက် နံနက် (၁၁:၀၀)နာရီအချိန်က မုံရွာမြို့၊ ကန်သာဦးရပ်ကွက်ရှိ “ရွှေကမ္ဘာ” ပဲကြော်အလုပ်ရုံတွင် စားသုံးသူကာကွယ်ရေးအသိပညာ ဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့ရာ  စုစုပေါင်း  (၁၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

    အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦစီးမှူးက တက်ရောက်လာသူများအား အသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာ စကားပြောကြားခြင်း၊ စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများ၊ စားသုံးသူများ၏တာဝန် များနှင့်  စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ ပြောကြားခဲ့ပြီး  ချောင်းဦးမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် စားသောက်ကုန်များ ဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများအပေါ်ဌာနမှ ဖြေရှင်းဆောင်ရွက် ခဲ့သည့် အမှုတွဲများအကြောင်း ဟောပြော ဆွေးနွေးခဲ့ပါသည်။

    ထို့နောက် တက်ရောက်လာသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့် ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အပြန်အလှန်ရှင်း လင်းဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ဟောပြောဆွေးနွေးပွဲကို နေ့လယ် (၁၂:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)