ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ လစဉ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည် သူများ အား စားသုံးသူကာကွယ်ရေးအကြောင်းများ သိရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဟောပြောပွဲများ၊ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များ တွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက် နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ တို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ၊  ဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့ စီးပွားဖွံဖြိုး တိုးတက်စေရန်” ဆိုသည့်အတိုင်း  ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများကိုလည်း လစဉ် ကွင်းဆင်း တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၃)ရက်(၁၀)ရက်(၁၇)ရက်(၂၄)ရက်နေ့များတွင် ကျွန်းလှမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များသို့ ဘိလပ်မြေဈေးနှုန်း/ဈေးကွက်၊ လက်ကျန်နှင့် သယ်ယူပို့ဆောင်ရေး အခြေအနေများကို တွေ့ဆုံကွင်းဆင်းစစ်ဆေးခြင်း(၄)ကြိမ်၊ ဇွန်လ(၄)ရက်နေ့ နှင့် (၁၂)ရက်နေ့တွင် ကျွန်းလှမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့်ကွင်းဆင်း စစ်ဆေးခြင်း(၂)ကြိမ်၊ ဇွန်လ(၁၂)ရက်နေ့တွင် ကျွန်းလှမြို့ပေါ်ရှိ ဆန် လက်လီ/လက်ကား အရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း(၁)ကြိမ်၊ ဇွန်လ(၆) ရက်(၇)ရက်(၁၉)ရက် နေ့၌ ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် ဈေးကွက်စောင့်ကြည်စစ်ဆေး မှု(၃)ကြိမ်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများအား စားသုံးသူအကာ အကွယ်ပေးရေးအသိပညာပေးဟောပြောပွဲ(၁)ကြိမ် ကျင်းပပြုလုပ်ခြင်းနှင့် ဇွန်လ(၁၇)ရက်နေ့ ကျွန်းလှမြို့၊ “စမိုင်းလ်”ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံကွင်းဆင်းမှု (၁)ကြိမ် ကျင်းပပြု လုပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအား မိမိတို့ လိုက်နာဆောင်ရွက် ရမည့် တာဝန်များနှင့် ကုန်အညွန်းအမှတ်အသား ပြည့်စုံစွာ ထည့်သွင်းဖော်ပြရန် ကုန်အညွန်း အမှတ် အသား များ မပြည့်စုံပါက မိမိတို့ စားသုံးသူရေးရာဦးစီးဌာနမှာ လျှောက်ထားကြရန် လျောက်ထား ရန်အတွက် ကျွန်မတို့ စားသုံးသူရေးရာဦးစီးဌာနမှ အခမဲ့ကူညီဆောင်ရွက်ပေးနေကြောင်း နှင့် ဟောပြောပွဲတွင်လည်း မိမိတို့ စားသုံးသူပြည်သူတွေရဲ့  စားသုံးသူအခွင့်အရေး(၈)ချက်ရှိပြီး သိရှိနိုင်ရန်  စားသုံးသူအခွင့်အရေးတွေ သိရှိပြီး အခွင့်အရေးတွေတောင်းဆိုတတ်စေရန်အတွက် စားသုံးသူအခွင့်အရေး (၈)ချက်နှင့်  စားသုံးသူပြည်သူများ လိုက်နာဆောင်ရွက်ရမည့် တာဝန် (၄)ချက်တို့ကိုအကျယ်တဝင့် ဟောပြောခဲ့ပြီး  စားသုံးသူ အကြောင်း သိကောင်းစရာပါ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)