“ကျောက်ဆည်ခရိုင်၏ ဆိတ်မွေးမြူရေးနှင့် စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ‌ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်လုပ်ကိုင်သောဒေသဖြစ်ပြီး မွေးမြူရေးလုပ်ငန်းကိုလည်း တွဲဖက်ပြီးလုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်မွေးမြူလာကြပါသည်။ ၄င်းလုပ်ငန်းများအနက် ဆိတ်မွေးမြူရေးလုပ်ငန်းမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေးအပြင် ဆိတ်မွေးမြူရေးလုပ်ငန်းကိုလည်း တွဲဖက်လုပ်ကိုင်ကြသလို လက်လုပ်လက်စားများကလည်း လုပ်အားခငွေများကိုစု၍ (၅-၁၀)ကောင်မွေးမြူကြကြောင်း၊ တချို့ငွေကြေးမတက်နိုင်သူများမှာ နေ့စားဆိတ်ကျောင်းရကြောင်း၊ တစ်ရက်လျှင်နှစ်ကြိမ် ဆိတ်ကျောင်းရကြောင်း၊ ဆိတ်ကျောင်းခအနေဖြင့် ဆိတ်အကောင်အရေအတွက်ပေါ်မူတည်၍ (၅၀၀၀-၈၀၀၀)ကျပ်အထိပေးရကြောင်း၊ မွေးမြူရာတွင် ဆိတ်မျိုးအနေဖြင့် ရှေးအစဉ်အဆက် ဘိုးဘွားများလက်ထက်ကမွေးမြူသော ချိတ်နီဆိတ်မျိူးများကိုသာ အဓိကမွေးမြူကြောင်း၊ ဆိတ်မများသည် တစ်နှစ်လျှင် (၂)သားတစ်ဗိုက်မွေးသောကြောင့် အကောင်ရေများများမွေးနိုင်ပါက အကျိုးအမြတ်များကြောင်း၊ ဆိတ်မအနေဖြင့် စတင်ကိုယ်ဝန်ဆောင်သောအရွယ်တွင် တစ်ကောင်သာသားပေါက်ပြီး ဆိတ်အကြီးမတစ်ကောင်လျှင် (၂)ကောင်အထိပေါက်ကြောင်း၊ ဆိတ်စျေးနှုန်းအနေဖြင့် အကြီးတစ်ကောင်လျှင် (၈၀၀၀၀-၁၀၀၀၀၀/-)ကျပ်၊ အလတ်တစ်ကောင်လျှင် (၅၀၀၀၀-၆၀၀၀၀/-) ကျပ်၊ အသေးတစ်ကောင်လျှင် (၃၀၀၀၀-၄၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဆိတ်သားစျေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၂၈၀၀၀/-)ကျပ်စျေးနှုန်းရှိကြောင်း၊ ဆိတ်မွေးမြူသူများသည် ယခုအချိန်တွင် ဆိတ်များရောင်းချရာ၌ စျေးနှုန်းပိုမိုရရှိသောကြောင့် တွက်ခြေကိုက်သည့် မွေးမြူရေးလုပ်ငန်းဖြစ်သည့်အတွက် ဆိတ်မွေးမြူရေးလုပ်ငန်းအား တိုးချဲ့မွေးမြူသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)