“မြှုပ်သခွားသီးစိုက်ပျိုး ဝင်ငွေတိုး”

Powered by Drupal

      မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည့်အတွက် တောင်သူများသည် ယခုအခါ မိသားစုအပိုဝင်ငွေရအောင် သီးထပ်သီးညှပ်များနှင့် အလွယ်တကူခူးဆွတ်၍ ဝင်ငွေရအောင် စားသုံးသီးနှံများကိုလည်း အလေးထားစိုက်ပျိုးလာကြသည်ကိုတွေ့ရှိရပါသည်။ ၎င်းစားသုံးသီးနှံများအနက် မြှုပ်သခွားသီးသီးနှံကိုလည်းစိုက်ပျိုးလာကြပါသည်။ သခွားသီးကို ဧပြီလတွင် စတင်စိုက်ပျိုးပြီး ဇွန်လဆန်းပိုင်းတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ သခွားသီးတစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ ယခုအခါ သခွားသီးနှံကို အရွယ်အစားသုံးမျိုးခွဲ၍ စျေးကွက်သို့ ဖောက်သည်ပေးရောင်းချရကြောင်း၊ သခွားသီးအကြီးတစ်လုံးလျှင် (၂၀၀/-)ကျပ်၊ အလတ်တစ်လုံးလျှင် (၁၅၀/-)ကျပ်၊ အသေးတစ်လုံးလျှင် (၈၀/-)ကျပ်စျေးနှုန်းများဖြင့်ရောင်းချရကြောင်း၊ သခွားသီးကို တစ်ရက်ခြားခူးဆွတ်ရကြောင်း၊ တစ်ရက်ခြားခူးဆွတ်ရသော အလုံးအရေအတွက်မှာ ကြီး၊ လတ်၊ သေး အလုံးပေါင်း (၅၀၀-၆၀၀) ထွက်ရှိကြောင်း၊ တစ်ရက်ခြား ပျမ်းမျှဝင်ငွေမှာ (၇၀၀၀၀/-)ကျပ်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် သိန်း(၂၀)ကျပ်ခန့်ရရှိကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်သက်သာပြီး မိသားစုအပိုဝင်ငွေအလွယ်တကူရရှိနိုင်သော  မြှုပ်သခွား သီးနှံများကို စိုက်ပျိုးသင့်ပါကြောင်း သခွားစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)