ကန့်ဘလူမြို့ဈေးကွက်အတွင်းရှိ ခါကြက်ဥဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံအစုံရောင်းချကြပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းလုပ်ကိုင်လျက်ရှိကာ ကုန်စိမ်းသီးနှံများအား ရာသီအလိုက် ပေါ်ပင်သီးနှံများကို နေရာဒေသအမျိုးမျိုးမှဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှ သီးနှံတုန်းသည်အထိ ရောင်းချကြောင်းသိရပါသည်။

       ကန့်ဘလူမြို့မစည်ပင်သာယာဈေးမှာ ကုန်စိမ်းသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပြောင်းချို၊ မုန့်ညှင်းထုတ်၊ ခါကြက်ဥ၊ သံပရာသီး၊ ပန်းငရုတ်ပွ၊ တိုင်ထောင်ဗိုလ်စားပဲသီး စသည်တို့ကို ရောင်းချရကြောင်း၊ ဒေသထွက်သီးနှံများမဟုတ်သည့် ကုန်စိမ်းသီးနှံများကို မန္တလေးမြို့၊ ကောလင်းမြို့တို့မှ ဖောက်သည်မှာယူပြီး ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် လက်လီ/ လက်ကားရောင်းချကြောင်း ကုန်စိမ်းသီးနှံရောင်းချနေသူထံမှသိရှိရပါသည်။

      ကုန်စိမ်းသီးနှံများအနက်  ခါကြက်ဥရိုးရိုး(ဗမာ)ဥနှင့်( တရုတ်) ခါကြက်ဥဆို၍ နှစ်မျိုးရှိကြောင်းသိရှိရပါသည်။ ခါကြက်ဥ၏ အသုံးပြုပုံများမှာ  အစိမ်းကြော်ကြော်ရာတွင်လည်းကောင်း၊ ငါးပိရည်နှင့်တို့စရာ အဖြစ်လည်းကောင်း၊ ခြစ်နှင့်ခြစ်ပြီး သုပ်စား၍သော်လည်းကောင်း၊ ပင်လယ်စာ၊ ကော်ပြန်ရောင်းချရာတွင်လည်း သီးနှံတစ်မျိုးအဖြစ်လည်းကောင်း  ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ မာလာဟင်း၊ မာလာရှမ်းကော စသည့်အစားအစာမျိုးစုံတို့တွင်လည်း အသုံးပြုကြသည့်အတွက် အရောင်းအဝယ်ဖြစ်သော သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။

     ၂၀၂၄ခုနှစ်၊ ဇွန်လ တတိယပတ်တွင် ကန့်ဘလူမြို့မစည်ပင်သာယာဈေးအတွင်း၌ ခါကြက်ဥကို မန္တလေးမြို့မှ မှာယူရောင်းချကြောင်း၊  ခါကြက်ဥ၏ ဈေးနှုန်းဈေးကွက်အနေဖြင့် ခါကြက်ဥ(ရိုးရိုး) အလုံးအကြီး/အသေးပေါ်မူတည်၍ တစ်ပိဿာလျှင် (၃၀၀၀/၃၅၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာလျှင် (၈၃၀၀)ကျပ်တို့ဖြင့် ဖောက်သည်ဝယ်ယူရပြီး ကန့်ဘလူမြို့ စားသုံးသူပြည်သူများထံသို့ရောင်းချရာတွင် ခါကြက်ဥ(ရိုးရိုး)အလုံးအကြီး/အသေးပေါ်မူတည်၍ တစ်ပိဿာလျှင် (၄၀၀၀/၄၅၀၀)ကျပ်၊ ခါကြက်ဥ (တရုတ်) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်တို့ဖြင့် အသီးသီးရောင်းချကြောင်း ကန့်ဘလူမြို့မစည်ပင် သာယာဈေး ကုန်စိမ်းသီးနှံအစုံရောင်းချသူထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)