![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/စားအုန်းဆီMS.jpg?itok=cAAUIp07)
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးနှင့် စားသုံးသူများအတွက် ဆန်ပြတ်လပ်မှုမရှိစေရေးအတွက် ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများကို (၂၁.၆.၂၀၂၄)ရက်နေ့ နေ့လယ်ပိုင်းက ဆန်အရောင်းဆိုင် (၁၅) ဆိုင်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုတွင် မအူပင်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ ဆန်စက်နှင့် ဆန်ကုန်သည်များအသင်းမှ အဖွဲ့ဝင်များ၊ ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအဖွဲ့ဝင်များ စားသုံးသူ ရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများ ပူးပေါင်း၍ မအူပင်မြို့ပေါ်ရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများကို ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ရောင်းချသူ ဆိုင်ရှင်များနှင့် ဆန်သိုလှောင်ရုံပိုင်ရှင်များကို ပြောကြားရာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်စေရေးတို့အတွက် ပူးပေါင်းအဖွဲ့ဖြင့် ကြတ်မတ်ဆောင်ရွက်လျက်ရှိပြီး ဆန်စပါး ဈေးနှုန်းဈေးကွက်အခြေအနေ ယခင်နှစ်နှင့် ယခုနှစ်ကာလတူ ဈေးနှုန်းဖြစ်ပေါ်မှု၏ အားသာချက်အားနည်းချက် စပါးထွက်ရှိမှု၏ အလားအလာကောင်း ဆန်အရည်အသွေးမြင့်မားမှုကြောင့် ဈေးကောင်း ရရှိမှုများသည် ဆန်ဈေးနှုန်းတည် ငြိမ်ရေးကို အထောက်အကူပြုသည့် အချက်အလက်ကောင်းများအကြောင်းကို အကြံပြုဆွေးနွေးပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးသိုလှောင်မှုကို စနစ်တကျမှတ်ပုံတင် စာရင်းပြုစုထားနိုင်ရေး၊ သင့်တင်မျှတသော တည်ငြိမ်သော ဆန်ဈေးကွက်နှင့်ဈေးနှုန်းများ ဖြစ်ပေါ်ရေးအတွက် ဒီဂျစ်တယ်နည်းလမ်းဖြင့် မှတ်ပုံတင် စာရင်းတင်ပြနိုင်မည့် Online Registration စနစ် (MyRO) ကို ဆောင်ရွက်လျက်ရှိကြောင်း သိုလှောင်ရုံများအား Digital Certificate ထုတ်ပေးနိုင်သည့် ဝန်ဆောင်မှုဖြင့် သိုလှောင်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် နိုင်စေရေး စားသုံးသူရေးရာဦးစီးဌာနက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းကို အသိပညာပေးပြောပြီး၊ဆန်ဆိုင်တို့တွင်းရောင်းချနေသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ၊ ဆန်ဝယ်ယူရရှိမှုအခြေအနေများ၊ သိုလှောင်ထားရှိမှု ဆန်အိတ်အရေအတွက်များ၊ နေ့စဉ်ရောင်းချမှု အခြေအနေများကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)