၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၂၈ ရက်နေ့ ၊ နံနက် ၁၀း၁၅ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ဦးစားပေး ကုန်စည်များတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး ရုံးချုပ်မှ ရောနှောဆီများအား ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် အထူးစစ်ဆေးရန် ညွှန်ကြားချက်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ ပေါ်ရှိ စားသုံးဆီအမျိုးမျိုး လက်လီ/လက်ကား ရောင်းချသည့် ကုန်စုံဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ရောနှောဆီများအား စစ်ဆေးရာတွင် သတ်မှတ်ချက်ညွှန်ကြားချက်များနှင့် ကိုက် ညီမှုရှိသော စားသုံးဆီများကိုသာ ရောင်းချနိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြ ပါရှိမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စျေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ ထောက်ခံချက်များပါရှိသည့် စားသုံးဆီများကိုသာရောင်းချနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
DOCA(တနင်္သာရီ)