ထားဝယ်မြို့ပေါ်ရှိ အသင့်သောက်အချိုရည်အမျိုးမျိုးအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၂၈ ရက်နေ့ ၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ဦးစားပေး ကုန်စည်များတွင် တစ်မျိုးအပါအဝင်ဖြစ်သည့် အသင့်သောက် အချိုရည်အမျိုးမျိုးအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ Coca Cola Dawei Dealer နှင့် မုန့်တိုက်များ၊ လက်လီ/ လက်ကားရောင်းချသည့် ကုန်စုံဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချဖြန့်ိလျက်ရှိသော အသင့်သောက်အချိုရည် အမှတ်တံဆိပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စျေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိသော အချိုရည်များကိုသာ ဝယ်ယူတင်သွင်းရောင်းချနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)