ဓနုဖြူမြို့နယ်၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး Talk Show

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှနှင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Showကို ၂၀၂၄ခုနှစ် ဇွန်လ  ၂၄ ရက်နေ့ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် ဓနုဖြူလူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

    အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး(ဦးစီးအရာရှိ)တို့က စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သိကောင်းစရာများကိုဆွေးနွေးခဲ့ကြပါသည်။

       ဦးဝင်းမင်းစိုးက ရှင်းလင်းဆွေးနွေးရာ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် စားသုံးသူများအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး လုံခြုံစိတ်ချမှုရှိစေရန်နှင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် ပတ်သက်၍ တာဝန်ယူမှုအခြေအနေများကို စားသုံးသူကာကွယ်ရေး အခန်း(၁၇)မှာ ပါရှိသော စားသုံးသူက အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ရောင်းချသူလုပ်ငန်းရှင်၊ ကုန်စည်ထုတ်လုပ်သူ၊ ကုန်စည်အပေါ်တွင် လူပုဂ္ဂိုလ်အမည်၊ အမှတ်တံဆိပ် (သို့) အခြားထင်ရှားသော အမှတ်အသားများကို အသုံးပြုခွင့်ရှိသူ၊ ပြင်ပမှ ကုန်စည်တင်သွင်းလာပြီး၊ ပြည်တွင်းရှိ စားသုံးသူများအား ပြန်လည်ရောင်းချဖြန့်ဖြူးသူ၊ တဆင့်ပြန် လည်ရောင်းချဖြန့်ဖြူးသူ၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံတစ်ခုခု၌ ကုန်စည် ဝန်ဆောင်မှုများကို ပြည်တွင်း စားသုံးသူများအတွက် ကြားခံဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ် ကိုင်သူများ၊ တွင်တာဝန်ရှိကြောင်း ကုန်စည် ဝန်ဆောင်မှုကို အသုံးပြုသည့်ကာလ (သို့) အာမခံပေးထားသည့်ကာလသက်တမ်းအတွင်း အပိုပစ္စည်းများ ရရှိနိုင်ရေး ဆောင်ရွက်ပေးခြင်း သဘောတူညီ ချက်ပါရှိသည့် အာမခံချက်နှင့် အညီဆောင်ရွက်ခြင်းပြုရမည်။ ကုန်စည်၊ ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပါကြောင်း၊ နီးစပ်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်/မြို့နယ်စားသုံးသူရေးရာဦးစီးဌာနသို့လည်းကောင်း၊ ဌာန၏ Website ဖြစ်သော doca.gov.mm   မှလည်းကောင်း၊ Call Center ဖုန်းနံပါတ်ဖြစ်သော ၁၅၃၅ သို့လည်း ကောင်းဆက်သွယ်၍ တိုင်းကြားနိုင်ကြောင်း စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ တိုင်ကြားမှုများကို ကူညီဖြေရှင်း ဆောင်ရွက်ပေးရန် အသင့်ရှိနေကြောင်းကို စားသုံးသူပြည်သူများ သိရှိနိုင်စေရန် အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးအသိပညာပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)