ရှမ်းပြည်နယ်မှ ဝဝတုတ်တုတ် ဂေါ်ဖီထုပ်(မုန်လာထုပ်)များ

Powered by Drupal

    အင်္ဂလိပ်လို Cabbage လို့ခေါ်ပြီး အချို့ဒေသများတွင်တော့ ဂေါ်ဖီထုပ်လို့ ခေါ်ကြသည့် ထိုဝဝတုတ်တုတ်ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်း၊ ကလောမြို့နယ်များတွင် အများဆုံးစိုက်ပျိုးပြီး ကျန်မြို့နယ်များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။ ဂေါ်ဖီထုပ်တွင် ကျန်းမာရေးအတွက် လိုအပ်သော အာဟာရဓါတ်များစွာ ပါဝင်ပါသည်။ ဂေါ်ဖီထုပ် စားသုံးခြင်းဖြင့် ကိုယ်ခံစွမ်းအားကောင်းစေခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းကို အထောက်အကူပြုစေသောကြောင့် ဝမ်းမှန်စေခြင်း၊ သွေးတွင်း မကောင်းသောအဆီဓါတ်များကို လျော့နည်းစေခြင်း၊ ဆံကေသာ ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း အစရှိသည့် ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေနိုင်ပါသည်။ ထို့အပြင် ဂေါ်ဖီထုပ်စားသုံးခြင်းသည် ကိုယ်အလေးချိန် လျှော့ချလိုသူများအတွက် ထိရောက်သော သဘာဝနည်းလမ်းတစ်ခု ဖြစ်ပါသည်။ ဂေါ်ဖီထုပ်ကို ဝယ်သူသုံးစွဲသူများတွင် စားသောက်ဆိုင်များမှ အများဆုံး ဖြစ်ပါသည်။  ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဂေါ်ဖီထုပ်ဈေးနှုန်း ၃၀၀၀/- မှ ၃၅၀၀/- ကျပ်ဈေးရှိပြီး ယခင်နှစ်ထက် ဈေးပိုမိုရရှိကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် ဂေါ်ဖီထုပ်များ ဈေးကောင်းရရှိသဖြင့် တောင်သူများ အကျိုးအမြတ် များစွာရရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)