ရှမ်းပြည်နယ်မှ အာလူးဈေးကွက်

Powered by Drupal

    ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အာလူးကို (၄၀၄၃၇) ဧက စိုက်ပျိုးပြီး ဟဲဟိုး၊ နောင်တရား၊ ပင်းတယမြို့နယ်များတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ အာလူးသီးနှံသည် အေး၍ သမရာသီဥတိုကို ကြိုက်နှစ်သက်ပြီး  မိုးရေချိန်(၄၀-၈၀) လက်မအတွင်း ရွာသွန်းသောဒေသများ မြေနီ၊ နှုန်းတင်မြေ၊ ခဲမြေနက်မြေများတွင် ကောင်းစွာစိုက်ပျိုးနိုင်ပါသည်။ အာလူးကို မိုးကြို၊ စက(မိုးနှောင်း)၊ ရေသွင်းအာလူး စသည်ဖြင့် သုံးသီးစိုက်ပျိုးကြပါသည်။ မိုးကြိုအာလူးကို မေလနှင့် ဇွန်လ၊ စက(မိုးနှောင်း)အာလူးကို စက်တင်ဘာလနှင့် အောက်တိုဘာလ၊ ရေသွင်းအာလူးကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် စိုက်ပျိုးကြပါသည်။ အာလူးအရွယ်အစားပေါ်မူတည်ပြီး အာလူး(မျက်နီ) တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်၊ အာလူး(မားကစ်) အကြော်သီး တစ်ပိဿာလျှင် ၃၅၀၀ ကျပ်အထိဈေးရှိ၍ ယခင်လ အာလူးတစ်ပိဿာဈေးနှုန်းမှာ ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ် ဖြစ်သောကြောင့် ယခင်လထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရှိရပါသည်။(Value Added) အနေဖြင့် အာလူးကြော် အချို/အစပ် တစ်ပိဿာ ၂၈၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)