
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်များအား စျေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသုံးနိုင်ရေး၊ သင့်တင့်မျှတသော စျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးလွင် ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ (၁.၇.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်တွင် မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်ဆန်ကုန်သည်များအသင်းမှ ဆန်ရောင်းချနေမှုနှင့် မြို့ပေါ်ရှိဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များတွင် မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က သတ်မှတ်ထားသည့် စျေးနှုန်းဖြင့် ဆန်များရောင်းချမှုရှိ/မရှိ၊ မြို့နယ်ဆန်ကုန်သည်များအသင်းက မြို့ပေါ်ရပ် ကွက်များအတွင်း ဧည့်မထဆန် (၁)ပြည်လျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ အမှတ် (၁)ရပ်ကွက်၊ ဂတ်ကုန်းရပ်တွင် ပြည်သူများအား ဆန်ရောင်းချပေးနေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ဆန်စျေးနှုန်းများအား ထင်သာမြင်သာရှိစေရေး ချိတ်ဆွဲရောင်းချပေးသွားရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်တွင် ဆန်များကို ပြည်သူများ သင့်တင့်မျှတသော စျေးနှုန်းဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်စေရန်အတွက် မြို့နယ်ဆန်ကုန်သည်များအသင်းက ဇူလိုင်လ (၁)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ နေ့စဉ် ရပ်ကွက်အလိုက် ကားဖြင့် လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်ဆန်ကုန်သည်များအသင်းက ဆန်ဆိုင်များတွင်လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)