ကံမမြို့နယ်တွင် ပြည်သူများထံသို့ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှပူးပေါင်း၍ ကံမမြို့နယ်အတွင်းရှိ အများပြည်သူများထံသို့ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ရောင်းချရာတွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ ဆီကိုယ်စားလှယ်နှင့် ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်လက်ကားကုန်သည်များသို့ ဖြန့်ခွဲရောင်းချပေးသည့် စားအုန်းဆီများအား ကံမမြို့နယ်အတွက် စားအုန်းဆီပိဿာ(၂၂၀၀)ရရှိပြီး (၂၈.၆.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီမှစ၍ စားအုန်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ကံမမြို့၊ အမှတ်(၁/၂/၃/၄)ရပ်ကွက်များနှင့် စပယ်ခြုံ၊ ဂျွန်းတောင်ကျေးရွာများရှိ အိမ်ထောင်စုများအတွက် ပိဿာ(၂၂၀၀)ကို (၁)ပိဿာလျှင် ကျပ်(၆၅၀၀) ဈေးနှုန်းဖြင့် စနစ်တကျ ရောင်းချပေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)