သရက်မြို့နယ်တွင် ဆန်လက်လီ၊လက်ကား အရောင်းဆိုင်များအား အသိပညာပေးဆွေးနွေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးအုန်းမြင့်နှင့် ဝန်ထမ်းများသည် (၁.၇.၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ သရက်မြို့ပေါ်ရှိ ဆန်လက်လီ၊လက်ကားအရောင်းဆိုင်များသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအား ဝေငှပေးပြီး အသိပညာပေး ဆွေးနွေးခြင်းများ ‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးအုန်းမြင့်က ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား စားသုံးသူပြည်သူများ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း လိုက်နာရောင်းချကျရန်နှင့် ကွာဟမှုမရှိသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အများပြည်သူများသို့ရောင်းချစေရေး အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မကွေး)