စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁-၇-၂၀၂၄ ရက်၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.မ.က မူလွန် (၁)၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ)များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင် ဦးစီးမှူး ဦးမျိုးဝင်းနိုင်က အွန်လိုင်းဈေးဝယ်ရာတွင် သတိပြုရမည့်အချက်များအကြောင်းသိကောင်းစရာနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ် ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာသိရှိနိုင်ရန် ဥပမာ- မုန့်မျိုးစုံဖြင့် လက်တွေ့ရှင်းလင်းပြောကြားခဲ့ပါသည်။ဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၁၆) ဦး၊ ကျောင်းသား၊ ကျောင်းသူများ (၁၀၈)ဦး စုစုပေါင်း ဦးရေ(၁၂၄) တက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ဆရာ၊ဆရာမတို့သည် ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး အတွက် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
DOCA(ကရင်)