![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5.1_4.jpg?itok=8ifVnVXf)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှုအတွက် ဧရာဝတီတိုင်းဒေသကြီးမှ အဓိကဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ MV-ဓနရွှေလမင်း ရေယာဉ်ဖြင့် ဆန်အိတ်များ သယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ရောက်ရှိလာခဲ့သော ဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သော အဖွဲ့များဖြင့် (၂.၇.၂၀၂၄) ရက်နေ့တွင် MV-ဓနရွှေ လမင်းရေယာဉ်ဖြင့် ဆန်တန်(၃၅၀)၊ အိတ်ရေ(၇၀၀၀)အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)