![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/91_5.jpg?itok=yZ-O0c5-)
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်၊ မကျီးကန်ရပ်ကွက် ဦးပိုင်အမှတ်(၁၀/၁)၊ ကွင်းအမှတ်(၂၉၃)ရှိ ဦးပြုံး၏ အဆင့်မြင့်လယ်ယာမြေ (၅)ဧကပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် စိုက်ကြပ်အဖွဲ့ဝင်များတက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းတို့က တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)၏ ထူးခြားချက်၊ အားသာချက်၊ စွမ်းဆောင်ချက်များ၊ ကုန်ကျစရိတ်သက်သာပြီး အချိန်မီစိုက်ပျိုးရိတ်သိမ်းနိုင်ခြင်း၊ လုပ်သားရှားပါးမှုကိုဖြေလျော့နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်စေရေးတို့အတွက်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် တောင်သူများအတွက် များစွာအကျိုးကျေးဇူးရှိမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ၊ စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
DOCA(ရန်ကုန်)