ပြည်တွင်းပဲဈေးကွက်တွင် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေသာကုလားပဲ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ပြည်တွင်းစားသုံးမှုမြင့်မားလျက်ရှိသော ကုလားပဲသီးနှံလည်း နေ့စဉ်ဈေးကွက်သို့ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ခုနှစ်တွင် ဒေသတွင်း သီးနှံပေါ်စအချိန်မှ ယခု အချိန်ထိ ကုလားပဲဈေးကွက်မှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူဈေးကွက်သို့ ကုလားပဲသီးနှံစိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ရေစကြိုမြို့နယ်တွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

     သီးနှံဈေးကွက်အနေဖြင့် ဇူလိုင်လ(ပထမပတ်)အစောပိုင်းတွင် ကုလားပဲ(V2)တစ်တင်းလျှင် ကျပ်(၈၂၅၀၀)၊ ကုလားပဲ(HL)တစ်တင်းလျှင် ကျပ်(၈၃၀၀၀)၊ ကုလားပဲ(V6)တစ်တင်းလျှင် ကျပ် (၈၄၅၀၀)၊ ကုလားပဲ(929)တစ်တင်းလျှင် ကျပ်(၈၁၀၀၀)၊ ကုလားပဲ(ဗမာ)လုံးသေး တစ်တင်းလျှင် ကျပ် (၇၉၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဇွန်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ နေ့စဉ်တစ်ရက်လျှင် ကုလားပဲ(၃၀)ပိဿာ ဝင်အိတ်(၅၀မှ ၁၀၀ထိ) တစ်ပတ်အတွင်း အိတ်(၅၀၀)ခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်ကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်းးရှင်များမှ ဝယ်ယူသိုလှောင်ကြောင်း၊ ယခုအချိန်၌ ဒေသခံတောင်သူများတွင် သီးနှံလက်ကျန်နည်း၍ ကုန်ဝင်ရောက်မှုနည်းခြင်းကြောင့် လုပ်ငန်းရှင်များမှ အခြားမြို့နယ်များသို့ ဖြန့်ဖြူးမှုမရှိကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)