မွန်ပြည်နယ်ဒေသတွင် ယခု (ဇူလိုင်လ) မိုးရာသီသည် ကွမ်းသီးစတင်သီးချိန်ကာလဖြစ်သည်။ ကွမ်းသီးကိုအနုနှင့် ကွမ်းသီးအရင့်(၂)ဟူ၍ခွဲခြား၍ အရောင်းအဝယ်ရှိသည်။ ကွမ်းသီးနုကို ဈေးကောင်းပေးဝယ်လျက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကွမ်းသီးနုများကို ကွမ်းယာအစားထိုး (ကွမ်းပေါင်း)ပြုလုပ်၍ ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းဝယ်မှုတွေ့ရှိရသည်။ ကွမ်းသီးအရင့်(အမှည့်)ကို ကွမ်းယာဆိုင်များ၌ ကွမ်းသီးကိုအသုံးပြုခြင်း၊ ဒေသတွင်းစားသုံးခြင်း၊ ကွမ်းယာစားသုံးသူများအတွက် ကွမ်းသီးခြမ်းပြုလုပ်၍ စားသုံးကြခြင်းနှင့် ၎င်းကွမ်းသီးအရောင်းအဝယ်ဖြစ်လျက်ရှိသည်ကိုတွေ့ရှိရသည်။
အဆိုပါကွမ်းသီးဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဇူလိုင်လဆန်း (ပထမပတ်)အတွင်း ကွမ်းသီးဈေးနှုန်းအခြေအနေမှာ ရေပေါင်းခြမ်းတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ရေပေါင်းခြမ်း (၈၈% အခြောက်) တစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ရေပေါင်းခြမ်း (၉၉% အခြောက်) တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ အစာသန့်(ခြောက်) တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ရှယ်ဝိုင်း-ခြောက်(သန့်) တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ ရှယ်ဝိုင်း-ခြောက် (အလယ်သား) တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ရှယ်ဝိုင်း-ခြောက် (အလယ်သား) တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ဂျင်းပြတ်(ခြောက်) တစ်ပိဿာလျှင် ၆၁၀၀ကျပ်နှင့် မော်လမြိုင်အညိုသီးတစ်ပိဿာလျှင် ၂၆၀၀ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မွန်)