တောင်ငူမြို့၊ ပြည့်ဖြိုးကျော်အမှတ်တံဆိပ် ပေါင်မုန့်ကြော်အကြောင်း တစေ့တစောင်း

Powered by Drupal

      တောင်ငူမြို့၊ ထီးလှိုင်ရပ်ကွက်တွင်ရှိသော ပြည့်ဖြိုးကျော်အမှတ်တံဆိပ် ပေါင်မုန့်ကြော်လုပ်ငန်းတွင် ပေါင်မုန့်ကြော်ပြုလုပ်ရန်အတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများမှာ ဂျုံ၊ သကြား၊ ကြက်ဥ၊ ပွဆေး၊ ဆားနှင့် ဆီတို့ဖြစ်ကြောင်းသိရပါသည်။

       ပေါင်မုန့်ကြော်ပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းများအားလုံးကို သမအောင်ရောနယ်၍ ကြိတ်လုံးနှင့်ကြိတ်ကာ ဓါးဖြင့်လှီးဖြတ်ပြီး လိုအပ်သောပမာဏအတိုင်း ပေါင်မုန့်အဝိုင်းလေးများဖြစ်အောင်ပုံဖော်ကာ ပွလာစေရန် အချိန်အနည်းငယ်ခန့်စောင့်ဆိုင်းရပါသည်။

      ထို့နောက် ပွလာသောဂျုံအဝိုင်းလေးများအား ဆီဖြင့်ကြော်၍အအေးခံကာ ပါကင်ပိတ်လိုက်ပါက ဈေးကွက်အတွင်းဖြန့်ချိရန်အတွက် အသင့်ဖြစ်နေသော ပေါင်မုန့်ကြော်အထုပ်လေးများရရှိပြီဖြစ်ပါသည်။

         ၂၀၂၄ခုနှစ်၊ ဇူလိုင်လအစပိုင်းတွင် ပြည့်ဖြိုးကျော်အမှတ်တံဆိပ် ပေါင်မုန့်ကြော်ထုပ်များအား တစ်ထုပ်လျှင် ဖောက်သည်ဈေး ၂၄၀ကျပ်ဖြင့် တောင်ငူမြို့ရှိ မုန့်အရောင်းဆိုင်များအား ဖြန့်ချိပေးလျက်ရှိပါသည်။ ပေါင်မုန့်ကြော်ထုပ် လက်လီဈေးနှုန်းအနေဖြင့် တစ်ထုပ်လျှင် (၃၀၀)ကျပ်ဖြင့် ပြန်လည်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

               ပြည့်ဖြိုးကျော် ပေါင်မုန့်ကြော်လုပ်ငန်းတွင် ပိုင်ရှင်မိသားစုဝင် (၂) ဦးနှင့် လုပ်သား (၃) ဦးငှားရမ်းကာ လုပ်ငန်းလည်ပတ်လျက်ရှိပါသည်။ တစ်နေ့လျှင် ပေါင်မုန့်ကြော်အထုပ်ပေါင်း (၁၅၀) ခန့်ထုပ်လုပ်ကာ မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေးအနေဖြင့် ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)