အုတ်တွင်းမြို့နယ်ရှိ တောင်သူလယ်သမားများအား မျိုးစေ့ချစက်အသုံးပြုခြင်းသရုပ်ပြ

Powered by Drupal

       စက်မှုလယ်ယာဦးစီးဌာနသည် စပါးစိုက်ပျိုးချိန်တွင် လုပ်သားအခက်အခဲကြောင့် တောင်သူလယ်သမားများ စိုက်ပျိုးချိန်နောက်ကျမှုမဖြစ်စေရေးအတွက် 10-Raws Seeder (မျိုးစေ့ချစက်)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို လက်တွေ့သရုပ်ပြဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့တွင် အုတ်တွင်းမြို့နယ်၊ နတ်စဉ်ကုန်းကျေးရွာရှိ တောင်သူလယ်သမားကြီး ဦးအောင်မင်း၏ ကွင်းအမှတ် (၃၃၃)၌ လက်တွေ့သရုပ်ပြခြင်းပြုလုပ်ခဲ့ပါသည်။

      မျိုးစေ့ချစက်အသုံးပြုခြင်းသရုပ်ပြပွဲတွင် တာဝန်ရှိသူများက 10-Raws Seeder (မျိုးစေ့ချစက်)ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ စပါးစိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှုအခက်အခဲများမဖြစ်ပေါ်စေရေးအတွက် အချိန်နှင့်တပြေးညီ စိုက်ပျိုးနိုင်မည့်အကြောင်းများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။

       10-Raws Seeder (မျိုးစေ့ချစက်)ဖြင့် စိုက်ပျိုးခြင်းကြောင့် သမားရိုးကျစိုက်ပျိုးသကဲ့သို့ လုပ်သားအင်အားများစွာအသုံးပြုရန် မလိုအပ်သဖြင့် အချိန်ကုန်သက်သာစေမည့်အပြင် စနစ်တကျအစေ့ချစိုက်ပျိုးခြင်းကြောင့် အထွက်နှုန်းကောင်းမွန်မည်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)