ပြည်ပဲဈေးကွက်၌ ဘိုကိတ်ပဲသီးနှံလက်လီ/ လက်ကားရောင်းဝယ်မှုများပြီး ဈေးနှုန်းမြင့်တက်လာ

Powered by Drupal

      ပြည်ပဲဈေးကွက်အတွင်း လက်လီ/ လက်ကားရောင်းဝယ်မှုဖြစ်ခဲ့သော ပဲများအနက် ဘိုကိတ်ပဲသီးနှံလည်းပါဝင်နေခဲ့ပါသည်။ ပဲအဝင်မရှိဘဲ လက်ကျန်ပဲများသာရှိခဲ့ပြီး ဒေသတွင်းဝယ်လက်သမားများအပြင် ရန်ကုန်ဝယ်လက်များလည်းရှိခဲ့သည့်အတွက် တစ်ရက်လျှင် အိတ် (၅၀/၁၀၀) ကျော်အထိအရောင်းအဝယ်ဖြစ်ခဲ့ကြသည်ကိုတွေ့ရပါသည်။ ပဲဈေးနှုန်းမှာ ၈၅၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်ထိဖြစ်၍ ယခင်လထက်ဈေးနှုန်းပိုမိုမြင့်တက်လာခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ မေလတွင် ဘိုကိတ်ပဲသီးနှံတစ်တင်းလျှင် ၇၀၀၀၀ကျပ်သာရရှိခဲ့သည့်အတွက် ဇွန်လ နောက်ဆုံးပတ်၌ ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ကျပ်၁၅၀၀၀မှ ကျပ်၂၀၀၀၀ကျော်ထိဈေးပိုရလာခဲ့ကြောင်းသိရပါသည်။ ယခု၂၀၂၄ခုနှစ်တွင် ကုလားပဲနှင့် ပဲကြီးသီးနှံဈေးမှတစ်ပါး ပဲဈေးအားလုံးလိုလို ဈေးမြင့်တက်လာကြောင်း၊ ယခင်၂၀၂၃ခုနှစ်တွင် ဈေးကွက်၌ ဈေးအေးခဲ့သော ဘိုကိတ်ပဲသီးနှံသည်ပင်လျှင် ဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)