ပြည်ပဲဈေးကွက်တွင် စားတော်ပဲသီးနှံ လက်လီရောင်းဝယ်မှုဖြစ်ပြီး ဈေးအေးခဲ့

Powered by Drupal

       ပြည်ပဲမျိုးစုံဈေးကွက်၌ လက်လီ/ လက်ကားရောင်းဝယ်လျက်ရှိကြသည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ကုလားပဲသီးနှံများသာ လက်ကားရောင်းဝယ်မှုအဖြစ်များသော်လည်း ကျန်ပဲများအနေဖြင့် လက်လီသာ ဒေသတွင်းရောင်းဝယ်မှုအဖြစ်များကြောင်းသိရပါသည်။ အဆိုပါပဲများအနက် စားတော်ပဲသီးနှံမှာ ပဲဈေးကွက်၌ ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ကျပ်၁သိန်းအထက်ရရှိခဲ့သော်လည်း ယခု၂၀၂၄ခုနှစ်၌ အခြားပဲများမှာလည်း ဈေးနှုန်းများမြင့်တက်လာသည့်အတွက် စားတော်ပဲသီးနှံဈေးနှုန်းအနေဖြင့် ထောပတ်ပဲ၊ ပဲနီပြားသီးနှံများထက် ဈေးလျော့နည်းနေခဲ့ပါသည်။ ယခင်၂၀၂၃ခုနှစ်၌ ပဲဈေးကွက်တွင် စားတော်ပဲသီးနှံသည် ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်နေသည့်သီးနှံဖြစ်ခဲ့ပြီး ပိဿာ(၂၀) ဝင်တစ်တင်းလျှင် ကျပ်၁သိန်းကျော်ရရှိခဲ့ကာ ကျန်ပဲများမှာ ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ကျပ်၁သိန်းအောက်သာလျော့နည်းရောင်းဝယ်နေခဲ့ရကြောင်းသိရပါသည်။

DOCA(ပဲခူး)