ပြည်ထောပတ်ပဲသီးနှံဈေးနှုန်း တရိပ်ရိပ်တက်လျက်ရှိနေ

Powered by Drupal

      ပြည်ပဲဈေးကွက်၏ ပဲမျိုးစုံရောင်းဝယ်မှုအနေဖြင့် ပြည်တွင်းစားသုံးမှုများပြီး လက်လီ/ လက်ကားရောင်းဝယ်မှုဖြစ်နေသည့် ပဲများအနက် ထောပတ်ပဲသီးနှံသည် ဈေးတရိပ်ရိပ်မြင့်တက်လျက် ရောင်းဝယ်မှုရှိနေကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ မေလတွင် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ၁၂၀၀၀၀ကျပ်ဖြင့် လက်လီရောင်းဝယ်မှုများသောကြောင့် စားတော်ပဲသီးနှံထက်ပင် ဈေးပိုမြင့်တက်လာခဲ့သည်ကိုတွေ့ရပါသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လ၌လည်း ထောပတ်ပဲဈေးနှုန်းမှာ ဆက်လက်မြင့်တက်လျက်ရှိသောကြောင့် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ၁၄၅၀၀၀ကျပ်ဖြင့် ပဲလက်ကျန်ရှိမှုအပေါ် နေ့စဉ် အိတ် (၅၀/၁၀၀) ကျော်ထိ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်တွင် ပစ္စည်းလက်ကျန်နည်းလာတာကြောင့် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ၉၅၀၀၀ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ဇူလိုင်လဆန်းတွင် ပဲလက်ကျန်မရှိတော့ကြောင်းသိရပါသည်။ ယခု၂၀၂၄ခုနှစ်တွင်မူ ပဲလက်ကျန်လည်း အသင့်အတင့်ရှိနေပြီး ပဲဈေးနှုန်းလည်းမြင့်တက်လျက်ရှိတာကြောင့် လှောင်ပဲသမားများ အကျိုးအမြတ်ရရှိခဲ့သည့် သီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါ သည်။

DOCA(ပဲခူး)