![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/9.4_6.jpg?itok=sEyL3jzo)
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ဦးစီးမှူး ဒေါ်စန်းမြင့်ရီနှင့် ဝန်ထမ်းများသည် (၂.၇.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရှိ ဆန်ရောင်းဝယ်ရေးဆိုင်(၅)သို့ သွားရောက် ၍ ဆန်လက်ကျန်အခြေအနေ၊ ဆန်ဈေးနှုန်း/ ဈေးကွက်၊ ဈေးနှုန်းမကြီးမြှင့်စေရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်ကြီးများတွင် ဧည့်မထအုပ်စု၊ ရက် (၉၀)ဆန်၊ ဧရာပဒေသာ၊ ဧရာဝတီပေါ်ဆန်း၊ အခြားပေါ်ဆန်း၊ ဧရာဝတီကြားပျံ၊ ရွှေဘိုပေါ်ဆန်း စသည့် ဆန်အမျိုးအစားများ ရောင်းချနေကြောင်းသိရပြီး ဆန်ရောင်းချသူလုပ်ငန်းရှင်များကို ဒုတိယခရိုင် ဦးစီးမှူး ဦးဇော်ထွန်းဦးက အလေးချိန်မှန်ကန်စွာရောင်းချရန်၊ ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့်သာ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဈေးနှုန်းမြှင့်တက်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် စားသုံးဆန်များကို သိုလှောင်ဈေးကစားခြင်း မပြုလုပ်ရန်နှင့် ဈေးကွက်/ဈေးနှုန်းများအပေါ် မသမာမှုများလုပ်ဆောင်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)