ထိုင်းနိုင်ငံတူနာငါးတင်ပို့မှု မြင့်တက်

Powered by Drupal

       ထိုင်းနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ(၅)လတွင် စည်သွပ်ထားသော တူနာငါး အမေရိကန်ဒေါ်လာ ၉၇၉သန်းတန်ဖိုးတင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၃.၄ရာခိုင်နှုန်းမြင့်တက်လာကြောင်း ထိုင်းနိုင်ငံကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး (TPSO)၏ ညွှန်ကြားရေးမှူးချူပ် Poonpong Naiyanapakorn  က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ၂၀၂၄ခုနှစ်တွင် စည်သွပ်ထားသော တူနာတန်ချိန် ၂၂၁၀၉၂တန်တင်ပို့ခဲ့ကြောင်းသိရပါသည်။ စည်သွပ်ထားသော တူနာငါးကို တိရစ္ဆာန်အစားအစာထုတ်လုပ်ရာတွင် ကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုခြင်းဖြစ်ကြောင်းသိရပါသည်။ ၂၀၂၄၏ ပထမ(၅)လတွင် ထိုင်းနိုင်ငံ၏ တိရစ္ဆာန်အစားအစာတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁.၀၇ဘီလီယံတန်ဖိုးဖြင့် လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၃၇.၆ရာခိုင်နှုန်းမြင့်တက်လာပြီး တူနာငါးနယ်ပယ်ရှိ တန်ဖိုးကွင်းဆက်အတွင်းရှိ ထုတ်ကုန်အမျိုးအစားအားလုံး ပြန်လည်နာလန်ထူလာမှုကို ရောင်ပြန်ဟပ်ကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်တွင် ထိုင်းနိုင်ငံ၏တူနာငါးတင်ပို့ရာ ထိပ်ဆုံးဈေးကွက်(၅)ခုမှာ အမေရိကန်(အမေရိကန်ဒေါ်လာ ၄၈၂သန်း)၊ ဂျပန် (အမေရိကန်ဒေါ်လာ ၂၅၇သန်း)၊ ဩစတြေးလျ (အမေရိကန်ဒေါ်လာ ၁၇၃သန်း)၊ လစ်ဗျား (အမေရိကန်ဒေါ်လာ ၁၅၀သန်း)နှင့် ဆော်ဒီအာရေဗျ(အမေရိကန်ဒေါ်လာ ၁၃၈သန်း)တို့ဖြစ်ကြောင်း သိရပါသည်။ စည်သွပ်တူနာငါးတင်ပို့သည့် ကမ္ဘာ့ထိပ်ဆုံး(၅)နိုင်ငံမှာ ထိုင်းနိုင်ငံ(အမေရိကန်ဒေါ်လာ ၂.၀၉ဘီလီယံ)၊ အီကွေဒေါ (အမေရိကန်ဒေါ်လာ ၁.၁၂ဘီလီယံ)၊ တရုတ် (အမေရိကန်ဒေါ်လာ ၈၃၂သန်း)၊ စပိန်(အမေရိကန်ဒေါ်လာ ၇၉၂သန်း)နှင့် နယ်သာလန် (အမေရိကန်ဒေါ်လာ  ၃၁၄သန်း)တို့ဖြစ်ကြောင်းသိရပါသည်။ တူနာငါးစိမ်းများအတွက် ကုန်ကျစရိတ်နည်းပါးခြင်း၊ ဟာလာအစားအစာအတွက် ဝယ်လိုအားမြင့်တက်လာခြင်း၊ ပထဝီနိုင်ငံရေးစွန့်စားရမှုတို့က ယခုနှစ်တွင် ထိုင်းနိုင်ငံစည်သွပ်တူနာငါးတင်ပို့မှုမြင့်တက်လာရခြင်းအတွက် ထောက်ပံ့ပေးသောအကြောင်းအရာများဖြစ်ကြောင်း TPSO ၏ အဆိုအရသိရပါသည်။ Mr. Poonpong က ထိုင်းနိုင်ငံ၏ စည်သွပ်တူနာငါးတင်ပို့မှုတွင် ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းရခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်လိုအပ်ချက်နှင့် နိုင်ငံတကာအဆင့်မီသော ၎င်းတို့၏ထုတ်လုပ်မှုနည်းပညာမြင့်မားသောကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းမြင့်တက်ရန်နှင့် ၎င်းတို့၏ ထိပ်တန်းအစာသွပ်တူနားငါးတင်ပို့သူနေရာကို ထိန်းသိမ်းရန်အတွက် စည်သွပ်တူနာငါးနယ်ပယ်သည် နိုင်ငံတကာအဆင့်အတန်းမီသည့် အရည်အသွေးထိန်းချုပ်မှုကို အာရုံစိုက်ရန် TPSO က အကြံပြုထားကြောင်းသိရပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)