၂၀၂၄ခုနှစ်၏ ပထမနှစ်ဝက်တာကာလတွင် ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၆.၄၂ရာခိုင်နှုန်းကြီးထွားလာ

Powered by Drupal

      ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တာကာလတွင် ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၆.၄၂ရာခိုင်နှုန်းကြီးထွားလာပြီး ၂၀၂၂ခုနှစ် တူညီသည့်ကာလ၏ ၆.၅၈ရာခိုင်နှုန်းထက် အနည်းငယ်သာနိမ့်ကြောင်း အထွေထွေစာရင်းအင်းရုံး(GSO)က ဟနွိုင်းတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ လယ်ယာသစ်တော-ငါးလုပ်ငန်းနယ်ပယ်၊ စက်မှုလုပ်ငန်း-ဆောက်လုပ်‌‌ရေးနှင့်ဝန်ဆောင်မှုနယ်ပယ်တို့သည် ၃.၃၈ရာခိုင်နှုန်း၊ ၇.၅၁ရာခိုင်နှုန်းနှင့် ၆.၆၄ရာခိုင်နှုန်း အသီးသီးကြီးထွားလာကြောင်းသိရပါသည်။ ဝန်ဆောင်မှုကဏ္ဍ၊ တင်ပို့မှုမြင့်တက်လာမှု၊ စားသုံးသူဝယ်လိုအား၊ ကမ္ဘာလုံးဆိုင်ရာပြန်လည်နာလန်ထူလာမှုတို့သည် နိုင်ငံ၏စီးပွား‌ရေးကြီးထွားလာမှုကို အပေါင်းလက္ခဏာဆောင်သည့် သက်ရောက်မှုဖြစ်ပေါ်စေကြောင်းသိရပါသည်။ ပထမနှစ်ဝက်တာ စီးပွားရေးတည်ဆောက်မှုတွင် လယ်ယာ-သစ်တော-ငါးလုပ်ငန်းနယ်ပယ်တို့က ၁၁.၅ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်း-ဆောက်လုပ်‌ရေးနှင့် ဝန်ဆောင်မှုနယ်ပယ်တို့က ၃၆.၄၄ရာခိုင်နှုန်းနှင့် ၄၃.၃၅ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါသည်။ ၂၀၂၄ခုနှစ်၏ ဒုတိယ(၃)လတာကာလတွင် နိုင်ငံ၏စီးပွားရေးကြီးထွားမှု ၆.၉၃ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၀-၂၀၂၄ ကာလတွင် ၂၀၂၂ခုနှစ်၊ ဒုတိယ(၃)လတာကာလ၏ ၇.၉၉ရာခိုင်နှုန်းပြီးလျှင် ဒုတိယအမြင့်ဆုံးဖြစ်ကြောင်းသိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမသေချာမရေရာမှုများရှိနေသော်လည်း ဗီယက်နမ်နိုင်ငံ၏ ၂၀၂၄ခုနှစ် ဒုတိယ(၃)လတာကာလ စီးပွားရေးအသိုက်အဝန်းအခြေအနေသည် အပေါင်း လက္ခဏာဆောင်သည့် ရလဒ်ထွက်ပေါ်ခဲ့ကြောင်းသိရပါသည်။ အစိုးရ၏စီမံခန့်ခွဲမှုမူဝါဒများသည် ထောက်ပံ့မှုကွင်းဆက်၊ အတိုးနှုန်း၊ နိုင်ငံခြားငွေလဲလှယ်ခြင်းဈေးကွက်၊ အများနှင့်ဆိုင်သော ရင်းနှီးမြှုပ်နှံမှုအတွက် ငွေထုတ်ပေးခြင်းနှင့် အခြားလက္ခဏာများတွင် သက်ရောက်မှုရှိကြောင်း တဖြည်းဖြည်းသက်သေပြလျက်ရှိကြောင်းသိရပါသည်။

Source: Vietnam plus

DOCA(ရန်ကုန်)