၂၀၂၅ခုနှစ်၏ ပထမ(၅)လတွင် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံကိုကျော်ဖြတ်ကာ အမေရိကန်နိုင်ငံသို့ အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့သည့် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံက အမျိုးသားအထည်အလိပ်နှင့် အဝတ်အထည်အုပ်စု (Vinatex)၏အဆိုအရ ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလမှ မေလအတွင်း အမေရိကန်ဒေါ်လာ ၁၆ဘီလီယံတန်ဖိုးရှိသည့် အထည်အလိပ်နှင့်အဝတ်အထည်များတင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၅ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အဆိုပါ စုစုပေါင်းပမာဏထဲမှ အမေရိကန်တစ်နိုင်ငံတည်းသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆ဘီလီယံတန်ဖိုးရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၄ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အဆိုပါအောင်မြင်မှုသည် ဗီယက်နမ်နိုင်ငံကို အမေရိကန်နိုင်ငံသို့ အထည်အလိပ်နှင့် အဝတ်အထည်တင်ပို့သည့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်ဝေစု၏ အကြီးဆုံးဝေစုကိုရယူထားသည့် တရုတ်နိုင်ငံကို ကျော်ဖြတ်နိုင်စေခဲ့ကြောင်းသိရပါသည်။ အဆိုပါကာလအတွင်း ထိပ်ဆုံးတင်ပို့သူ(၃)နိုင်ငံအနက် ဗီယက်နမ်နိုင်ငံသည် အားအကောင်းဆုံးတင်ပို့မှုကြီးထွားမှုကိုပြသနိုင်ခဲ့ပြီး ၎င်းတို့နောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ရပ်တည်ခဲ့ကြောင်းသိရပါသည်။ သို့သော် ၂၀၂၄ခုနှစ် ဒုတိယနှစ်ဝက်ကာလကို မျှော်မှန်းကြည့်သောအခါ အဓိကဈေးကွက်များတွင် အထည်အလိပ်နှင့် အဝတ်အထည်ဝယ်လိုအားမှာ သိသိသာသာမြင့်တက်လာခြင်းမရှိနိုင်ကြောင်း Vinatex က မျှော်မှန်းထားကြောင်းသိရပါသည်။ ထို့ကြောင့် အဆိုပါနယ်ပယ်ရှိ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် အလွန်ကြီးမားသည့် ဈေးနှုန်းယှဉ်ပြိုင်မှုနှင့်ရင်ဆိုင်ရနိုင်ကြောင်းသိရပါသည်။
Source: Vietnam plus
DOCA(ရန်ကုန်)