ယခုနှစ်၏ ပထမ(၆)လတာကာလတွင် ဗီယက်နမ်နှင့်တရုတ်အကြား အပြန်အလှန်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၀ဘီလီယံနီးပါးထိရောက်ရှိခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအဆိုအရ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးခက်ခဲမှုများနှင့် ပထဝီနိုင်ငံရေးပဋိပက္ခများရှိနေဆဲဖြစ်သော်လည်း နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်ရေးသည် အထင်ကြီးစရာ ပြန်လည်နာလန်ထူလာကြောင်းသိရပါသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ကမ္ဘာပေါ်တွင် အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်၊ အကြီးဆုံးတင်သွင်းရာဈေးကွက်နှင့် ဒုတိယအကြီးဆုံး တင်ပို့ရာဈေးကွက်ဖြစ်ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံအထွေထွေစာရင်းအင်းရုံး၏ နောက်ဆုံးဖော်ပြချက်အရ ယခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံ၏ တရုတ်နိုင်ငံသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၇.၈ဘီလီယံ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၅.၃ရာခိုင်နှုန်းပိုခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည် တရုတ်နိုင်ငံထံမှ အမေရိကန်ဒေါ်လာ ၆၇ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများကိုတင်သွင်းခဲ့ရာ လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၃၄.၇ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ ၃၉.၂ဘီလီယံရှိကြောင်းသိရပါ သည်။
အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေးဧရိယာ(ACFTA)နှင့် ဒေသတွင်းစဉ်ဆက်မပြတ်စီးပွားရေးပူးပေါင်းမှု(ACEP) အစရှိသည့် ကုန်သွယ်ရေးသဘောတူညီမှုများကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန် သိသာသည့်အလားအလာများရှိကြောင်းသိရပါသည်။ ဘေဂျင်းမြို့ရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးကလည်း တရုတ်နိုင်ငံ၏ စီးပွားရေးသည် အပေါင်းလက္ခဏာဆောင်သည့် ပြန်လည်နာလန်ထူလာကြောင်းပြောကြားခဲ့ပါသည်။ တရုတ်အစိုးရကလည်း ဈေးကွက်အတွင်းတင်ပို့ထားသည့် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များအတွက် အထောက်အပံ့ပေးသော အခြေအနေများဖန်တီးပေးမည့် တင်သွင်းမှု-တင်ပို့မှုစီမံခန့်ခွဲမှုမူဝါဒများကို ထုတ်ပြန်နေလျက်ရှိကြောင်းသိရပါသည်။ ကုန်သွယ်ရေးရုံးကလည်း ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့တင်ပို့မှုမြှင့်တင်ရန်အတွက် များစွာသော အခွင့်အလမ်းများရှိနေကြောင်းထောက်ပြခဲ့ပါသည်။ တရုတ်လုပ်ငန်းများသည် ဗီယက်နမ်နိုင်ငံထံမှ ထုတ်ကုန်များ၊ ပြုပြင်ပြောင်းလဲထားသော ထုတ်ကုန်များနှင့် ဒူးရင်း၊ ဖရဲသီး၊ ငှက်ပျောသီး အစရှိသော အသီးများပါဝင်သည့် စိုက်ပျိုးရေးထုတ်ကုန်များကိုတင်သွင်းရန် စိတ်ဝင်စားနေကြောင်းသိရပါသည်။ ထို့ပြင် အေးခဲထားသော ဒူးရင်းနှင့် လတ်ဆတ်သောအုန်းသီးများကို တရားဝင်တင်ပို့ရန် ညှိနှိုင်းမှုများပြည့်စုံသွားပြီဖြစ်သောကြောင့် အေးခဲထားသော စိုက်ပျိုးရေးထုတ်ကုန်များပါက တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နေပြီဟုသိရပါသည်။
Source: Vietnam plus
DOCA(ရန်ကုန်)