နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၈၆)ဘီလီယံဖြင့် ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးစပါးစီမံကိန်းတွင်ပါဝင်ဆောင်ရွက်မည့် သွင်းအားစု၊ ဝယ်ကြိတ်အဖွဲ့များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တိုင်းစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

Powered by Drupal

    နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၈၆)ဘီလီယံဖြင့် ၂၀၂၄ - ၂၀၂၅ခုနှစ်၊ မိုးစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် သွင်းအားစု၊ ဝယ်ကြိတ်အဖွဲ့များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့  ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သွင်းအားစု၊ ဝယ်ကြိတ်အဖွဲ့များတက်ရောက်ခဲ့ကြသည်။

     ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၈၆)ဘီလီယံဖြင့် ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့်သွင်းအားစု၊ ဝယ်ကြိတ်အဖွဲ့များနှင့်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါးစိုက်ရာသီမှစ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံရရှိခဲ့ပြီး နွေစပါးနှင့် ပဲတီစိမ်း စိုက်ပျိုးရန်အတွက် တောင်သူများထံသို့ သွင်းအားစုများထောက်ပံ့ပေးခဲ့ပါကြောင်း၊ သွင်းအားစုများအပြည့်အဝ ထည့်သွင်းနိုင်ရေးအတွက် ငွေကျပ်နှစ်သိန်းနှင့်ညီမျှသည့် သွင်းအားစုများအား တောင်သူများလက်ဝယ် အချိန်မီ ရောက်ရှိစေရေး၊ ထည့်သွင်းအသုံးပြုစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စီမံကြပ်မတ်ဆောင်ရွက် ကြရန် လိုပါကြောင်း၊  Contract Farming စနစ်ဖြင့်အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် လာရောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကိုလည်းဖိတ်ခေါ်ပါကြောင်း၊ တောင်သူများအနေဖြင့် သွင်းအားစုများကို အပြည့်အဝ အသုံးပြု၍ အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထောက်ပံ့ပေးခြင်းကြောင့် ဝယ်ယူကြိတ်ခွဲ တင်ပို့သူများ၊ သွင်းအားစုကိုယ်စားလှယ်များနှင့် တောင်သူများအတွက် များစွာအကျိုးရှိသည် ဖြစ်ပါကြောင်း၊  သွင်းအားစုများရရှိသည့်တောင်သူများသည်လည်း သွင်းအားစုနှင့်ညီမျှသည့် သီးနှံများပြန်လည်ပေးသွင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေးဇုန်နှစ်ခု သတ်မှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းများအောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကား ပြောကြားသည်။

   ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၈၆)ဘီလီယံဖြင့်ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများအား တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊  ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍  တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးကလည်းကောင်း ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည်စွက်ဆွေးနွေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

DOCA(ဧရာဝတီ)