ကန့်ဘလူမြို့နယ်၏ ပဲတီစိမ်း ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ကံရိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံစိုက်ပျိုးကြသည်။

       ယခုအခါ ပဲတီစိမ်းသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ဇူလိုင်လ ပထမပတ်အတွင်း ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင် ၅၈၀၀၀ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် ၆၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီး အကွဲအနာကင်းလျှင် ဈေးနှုန်းပိုမိုရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက်ရှိသောပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

       ယခုနှစ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲတီစိမ်းဈေးနှုန်းများသည် ယခင်နှစ်ကာလတူဈေးနှုန်းများထက် ပိုမိုရရှိလျက်ရှိသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)