၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၊ နံနက် ၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊အိမ်ရှေ့ပြင်ရပ်ကွက်၊ရေးလမ်းရှိ ကောင်းဆတ်ဟိန်းယာဉ်ရပ်နားစခန်းသို့ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ယာဉ်မောင်း ဦးမျိုးဇော်ဝင်း၊ ယာဉ်အမှတ် (7P/7112၊ ISUZU) မော်တော်ယာဉ်ဖြင့် တင်ဆောင်လာသော Kaung Hlyan New Asia ကုမ္ပဏီမှ (စနစ် သစ်)ဖြင့် တင်ပို့ရောင်းချသည့် စားအုန်းဆီ (၁)ပေပါလျှင် (၁၁၀) ပိဿာပါ၊ စားအုန်းဆီ (၆၆) ပေပါသည် ရောက်ရှိလာခဲ့သဖြင့် တိုင်းဦးစီမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပါသည်။ အဆိုပါစားအုန်းဆီ (၆၆) ပေပါအား ကုမ္ပဏီ၏လက်ကား အရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် (၁၄)ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ခွဲဝေရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)