![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/11.7_1.jpg?itok=DTFxeasP)
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ အုတ်ဖိုမြို့နယ် တာဝန်ခံနှင့် တာဝန်ကျဝန်ထမ်းများသည် ၂၀၂၄ခုနှစ် ဇူလိုင်လ(၈)ရက် နံနက် (၀၉:၃၀)တွင် အုတ်ဖိုမြို့ရှိ Good Brothers (CHEMICAl) Co.Ltd မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးလုပ်ကိုင်နေသော တောင်သူကြီးများအား ဒေသအလိုက် အထိုင်ဈေးနှုန်းအတိုင်း ဓာတ်မြေဩဇာများ ဖြန့်ဖြူး ရောင်းချနေမှုအား သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး တောင်သူများအား ရောင်းချပေးနေမှုနှင့် ဈေးနှုန်းများအား စုံစမ်းခဲ့ပါသည်။
တာဝန်ရှိသူ၏ပြောပြချက်အရ တစ်ဦးလျှင် (၁၀) အိတ်နှုန်း လွတ်လပ်စွာ ရောင်းချပြီး GBS Urea B (ယူရီးယားအလုံးကြီး) 50KG တစ်အိတ်လျှင် ၇၃၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ GBS 15:15:15+75 50KG တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)